the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် "မီးယပ်အဖြူဆင်းရောဂါ"အား လေ့လာတင်ပြခြင်းနှင့် တိုင်းရင်းဆေးပညာ" ခေါင်းစဉ်ဖြင့် CTME အခမ်းအနား ကျင်းပခြင်း

         အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ်  တိုင်းရင်း​ဆေးအကြံ​ပေးအဖွဲ့ဝင် ဆရာကြီး ဦးလှမြင့် နှင့် မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး      ဦး​အောင်မြတ်​ကျော်  တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်မှ  ဒေါ်သိဂီ်ကျော်(ဒုတိယတိုင်ရင်းဆေးမှူး) နှင့် ဒေါ်မိတင်တင်ဦး(ဒုတိယတိုင်းရင်းဆေးမှူး) တို့က ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအခမ်းအနား၌  ရန်ကုန်တိုင်း​ဒေသကြီး အလုံမြို့နယ် တိုင်းရင်း​ဆေးကုဌာန  မှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်​မေသန်းမြင့်​ထွေးက "မီးယပ်အဖြူဆင်း​ရောဂါ"အား လေ့လာတင်ပြခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်း ဒေသကြီးမှ ဆရာ/ဆရာမ (၁၃)ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှဆရာကြီး (၈)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၈)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ (၄၁)ဦး စုစုပေါင်း (၇၀) ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါ သည်။

        စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၅၀,၀၀ဝိ/-)၊  ဦးအောင်မြတ်ကျော် (မဟိဒ္ဓိ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-)တို့အား ဆုချီးမြှင့်ခဲ့ကြပါသည်။

         ယခုအခမ်းအနားတွင် အသုံးပြု​နေသည့်   Digital projector (တန်ဖိုး​ငွေ ဆယ့်တစ်သိန်းငါး​သောင်းကျပ် (၁၁,၅၀၀၀၀ိ/-)အား လှူဒါန်း​ပေးပါ​သော ဆရာကြီးဦးကြည်စိုး+​ဒေါ်​ဌေး​ဌေးရီ (​ကေသီပန်တိုင်းရင်း​ဆေးဝါး ထုတ်လုပ်​ရေး)အား ခုတင်(၁၀၀)ဆံ့ တိုင်းရင်း​ဆေးရုံ(ရန်ကုန်)မှ ဒေါ်စိုးစိုးမွန် (​​ဆေးရုံအုပ်ကြီး)က ဂုဏ်ပြု မှတ်တမ်းလွှာ ​ပေးအပ်ခဲ့ပါသည်။

         အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီးဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး) နှင့် ဆရာကြီးဦးထွန်းရွှေ (ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနား ကို ညနေ (၄း၁၅) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ