the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်)၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် " အစာမကြေရောဂါနှင့်တိုင်းရင်းဆေးပညာ" ခေါင်းစဉ်ဖြင့် CTME အခမ်းအနား ကျင်းပခြင်း

         အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ်  ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း​ဆေးဆရာအသင်း အတွင်းရေးမှူးဆရာကြီး ဦးစိုးတင့်နှင့် မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး      ဦး​အောင်မြတ်​ကျော်  တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန် မှ  ဒေါ်အိအိကျော်(တိုင်းရင်းဆေးမှူး) နှင့် ဒေါ်ဝေဝေနိုင်(တိုင်းရင်းဆေးမှူး) တို့က ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအခမ်းအနား၌ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ(ရန်ကုန်)မှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော် က အစာမကြေရောဂါ နှင့် တိုင်းရင်းဆေးပညာအကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ (၁၃) ဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၅)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ (၄၁)ဦး စုစုပေါင်း (၅၉) ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

        စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅၀,၀၀ဝိ/-)၊  ဦးအောင်မြတ်ကျော် (မဟိဒ္ဓိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-)တို့အား ဆုချီးမြှင့်ခဲ့ကြပါသည်။

       အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီးဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ (၄း၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ