the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်ဆေးရုံ၊ ရန်ကုန်၌ ၂၀၂၆ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်စာတမ်းဖတ်ပွဲ (CLINICAL MEETING) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

၂၀၂၆ ​ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်တွင်  ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပဒေသရာဇာခန်းမ၌ ၂၀၂၆ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

 အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီးက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် မနန်းအေးသီရိအောင်(သင်-၆)၊ မယဉ်မင်းအိမ့် (သင်-၉)တို့မှဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ အထွေထွေ  ပဥ္စကမ္မရောဂါကုဌာနမှ မဇင်မို့မို့ဝင်း (သင်-၁)နှင့် မသိလ္လာမှုးခင် (သင်-၃၃) တို့မှ Amavata (Rheumatoid Arthritis) ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၄၃)ဦး တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ပြီး  အခမ်းအနားကို ညနေ (၃:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း