the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် ၂၀၂၄ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးတွင်      ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ နေ့လယ် (၂:၀၀) နာရီတွင်  ၂၀၂၄ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် (ဆေးရုံအုပ်ကြီး) ဒေါ်စိုးစိုးမွန်မှဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်မှ ဒေါ်မို့မို့မောင် (သင်-၁၉)နှင့် ဒေါ်စန္ဒာ (သင်-၂၃) တို့က ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန် အထွေထွေရောဂါကု(ပဉ္စကမ္မ)ဌာနမှ  ဒေါ်နေခြည်ပိုင်ထွန်း (သင်-၁)သည် Low back pain due to Myelopathy ခေါင်းစဥ်ဖြင့်  ဖတ်ကြားဆွေးနွေးပြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်မှ ဆရာ၊ ဆရာမ စုစုပေါင်း(၃၁)ယောက်တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ (၃:၃၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ