the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီးမှ ကျန်းမာရေးမှူး(၄) စာတွေ့၊ လက်တွေ့ သင်တန်း၌ တိုင်းရင်းဆေးပညာဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော ကျန်းမာရေးမှူး(၄) စာတွေ့၊ လက်တွေ့ သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီးမှ (၁၄-၂-၂၀၂၅) မှ (၁၉-၂-၂၀၂၅) ရက်နေ့အထိ ဒုတိယ ဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာယု၊ အကြီးတန်းတိုင်းရင်း ဆေးမှူး ဒေါ်ခင်မေလေး၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ချောထက်၊ အကြီးတန်းတိုင်း ရင်းဆေးမှူး ဒေါ်တင်နွယ် ၊ တိုင်းရင်းဆေးမှူး ဒေါ်ချောစုဝင်း၊ တိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီကျော် နှင့် တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင် တို့မှ သင်တန်းသား၊ သင်တန်းသူ (၄၉)ဦးအား တိုင်းရင်းဆေးပညာဆိုင်ရာ ဘာသာရပ်များကို  သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ