ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ မြန်မာနိုင်ငံတိုင်း ရင်းဆေးသမား တော်များနေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်နီနီအေး၊ အလုပ်သင်ဆရာမများ ဖြစ်ကြ သော မသီတာထက်နှင့် မစုထက်ရွှေရည်၊ အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင် တို့ပါဝင် သောအဖွဲ့သည် (၆-၃-၂၀၂၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာသို့သွားရောက်၍ တိုင်းရင်းဆေးပညာရပ်ဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများပေးခဲ့ရာ ဘိုးဘွားများနှင့် ရုံးဝန်ထမ်းများ လူနာစုစုပေါင်း (၁၀၀)ဦးအား အခမဲ့ကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြပါသည်။ လာရောက်ကြသူများအား တပေါင်းလပြည့်နေ့ကို မြန်မာ့တိုင်းရင်းဆေးသမား တော်နေ့အဖြစ် သတ်မှတ်ခဲ့ကြပုံ၊ မြန်မာ့တိုင်းရင်းဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် မြန်မာ့တိုင်းရင်းဆေးပညာရပ်အနေဖြင့် ပါဝင်ဆောင်ရွက် လျက်ရှိသော အခန်းကဏ္ဍများအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြပြီး မှန်ချို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှေရီဝင်းပတ္တမြားတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ထိရင်လန်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ပြုံးပီတိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ ဆေးဝါးများ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။