ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်မှ (၈-၇-၂၀၂၄) ရက်နေ့ (တနင်္လာနေ့)တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်ပြီး ဒုတိယတိုင်းရင်း ဆေးမှူး ဒေါ်မိတင်တင်ဦး၊ အလုပ်သင်ဆရာမ မစန္ဒာနှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင် တို့ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမျိုးသမီး ကလေးများသင်တန်းကျောင်း၌ နံနက်(၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ ကွင်းဆင်းဆေး ကုသမှုများဆောင်ရွက်ပေးခဲ့ရာ လူနာဦးရေ (၁၃၉) ဦး တို့အား အခမဲ့ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပြီး “မိုးရာသီတွင်ဖြစ်တတ်သောဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်းသိ ကောင်းစရာ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး (၁၄၀) ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။