ရန်ကုန်တိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံရန်ကုန်မှ (၂၁-၆-၂၀၂၄) ရက်နေ့ (သောကြာနေ့) တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဉ်ယဉ်မြင့် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသွေးကို၊ အလုပ်သင်ဆရာ ဦးလှိုင်မင်းဦးနှင့် အကြီးတန်းလက်နှိပ်စက် ဒေါ်နီနီအောင်တို့ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ကျောက်ချောင်း ဘုန်းတော်ကြီး ပညာသင်ကျောင်း၌ နေ့လည် (၁၂)နာရီမှ ညနေ (၄) နာရီအထိ ကွင်းဆင်း ဆေးကုသပေးခဲ့ရာ ကျား ၄၉ ဦး၊ မ ၁၇ ဦး ၊ လူနာစုစုပေါင်း ၆၆ ဦး တို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး၊ “မိုးရာသီတွင်ဖြစ်တတ်သောရောဂါငယ်များ အကြောင်း”သိကောင်းစရာခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ လူဦးရေ ၁၁၅ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။





