ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်၊ ဒေါ်ယဉ်ယဉ်မြင့် နှင့် အကြီးတန်းတိုင်းရင်းဆေးမှူး၊ ဒေါ်ရီရီလှတို့သည် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်သူ Care Giver များ၏ သင်တန်းအမှတ်စဉ်(၁၅)၌ တက်ရောက်နေသော သင်တန်းသား(၁၃)ဦးအား (၄-၃-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ်၊ ဒေါ်ယဉ်ယဉ်မြင့်မှ တိုင်းရင်းဆေးပညာနှင့် အခြေခံသဘောတရားများအား သင်ကြားပို့ချခဲ့ပြီး၊ (၅-၃-၂၀၂၄)ရက်နေ့တွင် အကြီးတန်းတိုင်းရင်းဆေးမှူး၊ ဒေါ်ရီရီလှမှ ဆေးဖက်ဝင် အပင်များနှင့် ကြပ်ထုပ်အကြောင်းသိကောင်းစရာများအားဟောပြောပို့ချခဲ့ကြောင်းသိရသည်။