the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လူထုကျန်းမာရေး လုပ်သားသင်တန်းတွင် အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ သင်တန်းပို့ချခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ (၁၅-၁-၂၀၂၆)မှ (၂၇-၂-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သည့် လူထုကျန်းမာရေး လုပ်သားသင်တန်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်သည် (၂၇-၁-၂၀၂၆) ရက်နေ့တွင် “မြန်မာ့တိုင်းရင်းဆေးပညာ အခြေခံ သဘောတရားများနှင့် တိုင်းရင်းဆေးဝါးများဝယ်ယူရာတွင် သိကောင်းစရာများ အကြောင်း”ကို သင်တန်းသူ၊ သင်တန်းသားများအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ