တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၄-၅-၂၀၂၄)ရက်နေ့ (သောကြာနေ့)နေ့လည် ၂:၃၀အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သော အဖွဲ့သည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗိုလ်တထောင်မြို့နယ်၊ ၆၄လမ်း၊ အမှတ်(၃)ရပ်ကွက် စာကြည့်တိုက်တွင် ကျား ၁၅ ဦး၊ မ ၂၀ ဦး စုစုပေါင်း ၃၅ ဦးအား “သွေးတိုးရောဂါအကြောင်း” ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ကျား ၁၃ ဦး၊ မ ၂၀ ဦး စုစုပေါင်း ၃၃ ဦးအား အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




