the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၇-၅-၂၀၂၄ ရက်နေ့တွင် ကေသရဝတီ သီလရှင်စာသင်တိုက်ရှိ သီလရှင် ဆရာလေးများအား တိုင်းရင်းဆေးဝါးများဖြင့် အရေပြားရောဂါ၊ အစာမကြေ၊ အိပ်မပျော်ခြင်း၊ ခေါင်းမူးခြင်း၊ ဒူးနာ/ခါးနာ/ဇက်နာ/ ဖနောင့်နာ ရောဂါတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ရာလူနာ လူကြီး မ(၅၁)ဦး ကလေး မ(၁၆)ဦး စုစုပေါင်း မ(၆၇)ဦးတို့အား အခမဲ့ဆေးကုသမှုပြုလုပ်ပေးခဲ့ပြီး မိုးရာသီတွင်ဖြစ်ပွားသော တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း