ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနမှ တောင်ပိုင်းခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ ပူးပေါင်း၍ (၁.၇.၂၀၂၅)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊ စစ်စီးတောကျောင်းတိုက်တွင် ကွင်းဆင်းဆေးကုသ၍ လူနာ(၂၁၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။