ရခိုင်ပြည်နယ် သံတွဲခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများသည် ၂၁.၁၀.၂၀၂၃ နေ့တွင် သံတွဲမြို့နယ် အံတော်ကျေးရွာအတွင်း ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ပြည်သူ လူကြီး ကျား-၁၅၊ မ ၃၅ ကလေး (ကျား-၈၊ မ-၁၂) စုစုပေါင်း ၇၀ ဦးအား ကျန်းမာရေးပညာပေးဟောပြောပြီး ဆေးကုသမှုပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။