ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၂၃-၉-၂၀၂၄ ရက်နေ့တွင် ခိုင်သဇင်ခန်းမ၌ ကျင်းပခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ပံ့ပိုးမှုနှင့်အတူ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ပံ့ပိုးကူညီသော တိုင်းရင်းဆေးဝါးများအား ရခိုင် ပြည်နယ်ရှိ တိုင်းရင်းဆေးဝန်ထမ်းများမှ အခမ်းအနားသို့ တက်ရောက်လာသည့် လူဦးရေ စုစုပေါင်း (၁၀၀၀) ဦး ခန့်ကို တိုင်းရင်းဆေးဝါးများ ပါဝင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။