မွန်ပြည်နယ်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် (၇-၂-၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့်ပူးပေါင်း၍ အ.ထ.က မုတ္တမကျောင်း၌ ကျောင်းသား/ ကျောင်းသူ (၄၅၀)ဦးအား ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား ၁၃ဦး၊ ကျောင်းသူ ၁၈ ဦး၊ စုစုပေါင်း ၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။