the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲတွင် ဆေးကုသခြင်း လုပ်ငန်းများဆောင်ရွက်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် (တပေါင်းလပြည့်နေ့) ခရစ်နှစ် ၂၀၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုဆေးကုသခြင်းကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် နေပြည်တော် အမျိုးသား ပရဆေးဥယျာဉ်ရှိ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ပြင်ပလူနာဌာနခွဲတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို)ဥက္ကဋ္ဌ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်ပြသသည့်လူနာများအား တိုင်းရင်းဆေးဝါးများ လက်ဆောင် ဝေငှခြင်းများ ဆောင်ရွက်ကာ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များသည် ဆေးကုသမှုပေးနေမှုအား လာရောက်ကြည့်ရှုအားပေးကာ ဆေးကုသမှုခံယူသော ဒေသခံ ပြည်သူ များကို လက်ဆောင် တိုင်းရင်းဆေးများပေးအပ်ပြီး ပရဆေးဥယျာဉ်အတွင်း စိုက်ပျိုးထားသော ဆေးဖက်ဝင်အပင်များကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          အဆိုပါဆေးကုသခြင်းအစီအစဉ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်၍ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ပါဝင်သော ဆေးကုသရေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)နှင့် နေပြည်တော်တိုင်းရင်းဆေးဆရာအသင်းတို့မှ တိုင်းရင်းဆေး သမားတော်ကြီးများက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ် ရောင်၊ အဆစ်နာရောဂါများ၊ ထုံနာကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ ပါးရွဲ့ရောဂါများ၊ အာရုံကြော အားနည်းရောဂါများ၊ မီးယပ်ရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ကလေး သူငယ်နာရောဂါများနှင့် အဖျားရောဂါလူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ(၂၅၀)ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင် ကုသခြင်း၊ ကြပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ