သက်ရှိသက်မဲ့အားလုံးသည် အရင်းခံရုပ်အနေဖြင့် ပထဝီ(မြေဓာတ်)၊ အာပေါ (ရေဓာတ်)၊ တေဇော(မီးဓာတ်)၊ ဝါယော(လေဓာတ်)၊ အာကာသ(အပိုင်းအခြားဓာတ်) ဓာတ်(၅)ပါး အစုအဝေးမျှသာဖြစ်သည်။ “ဓာတ်” ဟူသော အဓိပ္ပာယ်မှာ မိမိသဘောကို မိမိဆောင်တတ် သဖြင့်“ဓာတ်”ဟု ခေါ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကြီးသည်လည်း ဓာတ်(၅)ပါး အစုအဝေးပင်ဖြစ်သည်။ ထိုဓာတ်(၅)ပါးတို့ ညီညွတ်မျှတလျှင် ကျန်းမာ၍ မညီညွတ်ဘဲ ဖောက်ပြန်ပါက အနာရောဂါဖြစ်စေပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။