the republic of the union of myanmar

ministry of health

Department of Traditional Medicine

မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့သင်တန်းအပတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ထို့နောက် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းက အမှာစကား ပြောကြားကာ  မော်ကွန်းထိန်းက ဘွဲ့လွန်သင်တန်းဆိုင်ရာ စာမေးပွဲနှင့် သင်တန်းစည်းမျဉ်း စည်းကမ်း များအား ရှင်းလင်းပြောကြားပြီး တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်က တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အမှတ်တရလက်ဆောင် ပေးအပ်ပါသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ (ဥက္ကဋ္ဌ)ကိုယ်စား အဖွဲ့ဝင်တစ်ဦး၊ ဥက္ကဋ္ဌ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ-၂၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့က ပါမောက္ခချုပ်ထံ ဖွင့်ပွဲအမှတ်တရ ဂုဏ်ပြုပန်းခြင်းများပေးအပ်ကာ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

အဆိုပါအခမ်းအနားသို့ ပါမောက္ခ/ ဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ မန္တလေး ခုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ၊ တိုင်းရင်းဆေးဝါးစက်ရုံမှူး၊ ဆရာ၊ ဆရာမများ၊ ဘွဲ့လွန် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ