the republic of the union of myanmar

ministry of health

Department of Traditional Medicine

မော်ကွန်းထိန်းရုံးခန်း၏ လုပ်ငန်းဆောင်ရွက်ချက်များ

(၁) တက္ကသိုလ်၏ စီမံရေးရာဌာန၊ ကွန်ပျူတာဌာန၊ သင်ကြားရေးပရဆေးဥယျာဉ် ဌာန၊ အားကစားဌာန၊ စတိုဌာန၊ နယ်မြေဌာန၊ ပြတိုက်ဌာန၊ သုတေသနဌာနနှင့် စာကြည့်တိုက်ဌာနတို့မှ တင်ပြလာသည့် ဝန်ထမ်းများနှင့် သက်ဆိုင်သော အချက် အလက်များ၊ အခြားဌာနအတွက် လိုအပ်သော အသေးစိတ်အချက်အလက်များ အား ညှိနှိုင်းဆောင်ရွက်ခြင်း။

 

(၂) တက္ကသိုလ်၏ ဘဏ္ဍာရေးဌာနမှ တင်ပြလာသည့် ကျောင်းလခကောက်ခံမှုများ၊ ဝန်ထမ်းလစာများ၊ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် သာမန်အသုံးစရိတ်များ ဆိုင်ရာ အသေးစိတ်စာရင်းများအား ညှိနှိုင်းဆောင်ရွက်ခြင်း။ တက္ကသိုလ်၏ တည်ဆောက် ရေးဆိုင်ရာအဖွဲ့များတွင်အခါအားလျော်စွာပါဝင်ဆောင်ရွက်ခြင်း။

 

(၃) တက္ကသိုလ်၏ သင်ထောက်ကူပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ ရုံးသုံးပစ္စည်းများ ၏ ခေါ်ယူရေးနှင့် တင်ဒါအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခြင်း။

 

(၄) တက္ကသိုလ်၏ ကျောင်းသားရေးရာဌာနနှင့် ဘွဲ့လွန်စာမေးပွဲဌာနတို့မှ တင်ပြလာ သည့် ကျောင်းသား/သူများ၊ အလုပ်သင်များ၊ ဘွဲ့ရရှိပြီးသူများနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များအားညှိနှိုင်းဆောင်ရွက်ခြင်း။

 

(၅) တက္ကသိုလ်၏ ဘာသာရပ်ဆိုင်ရာဌာနခွဲအသီးသီးတို့မှ တင်ပြလာသည့် အသေးစိတ် လိုအပ်ချက်များအားညှိနှိုင်းဆောင်ရွက်ခြင်း။

 

(၆) တက္ကသိုလ်၏ လုံခြုံရေးအတွက် အခန်းသော့များထိန်းသိမ်းခြင်း၊ ကျောင်းသား များ ပျော်ရွှင်ချမ်းမြေ့စွာ စာသင်ကြားနိုင်ရေး အစီအမံများ၊ ဆရာမများ၊ ဝန်ထမ်းများ အတွက် ရုံးခန်းများနှင့် စာသင်ခန်းများ သန့်ရှင်းသာယာရေး ထိန်းသိမ်းထားရှိ ဆောင်ရွက်ခြင်း။

 

(၇) တက္ကသိုလ်တစ်ခွင် သန့်ရှင်းသာယာလှပရေး၊ စတိုဌာနမှ စက်ပစ္စည်းများ မော်တော် ယာဉ်များ စနစ်တကျ သုံးစွဲရေးအတွက် စီမံဆောင်ရွက်ခြင်း။

 

(၈) တက္ကသိုလ်ဆိုင်ရာအဖွဲ့များ၊ ပြင်ပမှ လိုအပ်သည့် အခြားအစိုးရအဖွဲ့တို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း။

 

(၉) တက္ကသိုလ် ပညာရေး/စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေး၊ တိုင်းရင်းဆေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအစည်းအဝေးများ၊ တက္ကသိုလ်လုပ်ငန်းကော်မတီ အစည်း အဝေးများ၊ အခြားအစိုးရအဖွဲ့အစည်းများမှဖိတ်ကြားလာသည့် တိုင်းဒေသကြီး ဆိုင်ရာ အစည်းအဝေးတက်ရောက်ခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်ကိစ္စများ ဆောင်ရွက် ခြင်း၊ အခြားအစိုးရအဖွဲ့အစည်းများမှ ညှိနှိုင်းတောင်းခံလာသည့် စာရင်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ရုံးချုပ်မှ လိုအပ် သည့် အချက်အလက် များအားအတည်ပြုဆောင်ရွက်ပေးခြင်း။

 

(၁၀) တိုင်းရင်းဆေးတက္ကသိုလ်တစ်ခုလုံးအတွက် ဦးစီးဌာနရုံးချုပ်နှင့် အခြားဌာန ဆိုင်ရာ များမှ Fax ပေးပို့လာသောဝင်စာ/ထွက်စာများ၊ e.mail ဝင်စာများ သက်ဆိုင်ရာ ဌာနများသို့ လက်ခံ/ဖြန့်ဝေခြင်း။

 

(၁၁) တက္ကသိုလ်၏ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ကြိုတင် စီမံဆောင်ရွက်ခြင်းနှင့် အရေးပေါ်လိုအပ်လာသည့် အကြောင်းအရာ အမျိုးမျိုးအားဆောင်ရွက်ပေးခြင်း။

 

(၁၁) တက္ကသိုလ်၏ ပုံမှန် Lunch Time Talk , CTME Programme, PPDP များတွင် ပါဝင် ဆောင်ရွက်ခြင်း။

 

(၁၂) နှစ်စဉ် ကျင်းပသောတိုင်းရင်းဆေးတက္ကသိုလ်၏ Workshop များတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း။

 

(၁၃) နှစ်စဉ် ဘွဲ့နှင်းသဘင်အခမ်းအနား၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲများ တွင် ပါဝင်ဆောင်ရွက်ခြင်း။

 

(၁၄) အထက်ဌာနအသီးသီးမှ ဦးစီးဆောင်ရွက်သောနိုင်ငံတော်အဆင့် အခမ်းအနား များသို့ တက်ရောက်ခြင်း။

 

(၁၅) ဝန်ကြီးဌာနနှင့် ဦးစီးဌာန(ရုံးချုပ်)တို့၏ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များ အတိုင်း အခါအားလျော်စွာဆောင်ရွက်ခြင်း။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ