မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၂၃.၁၁.၂၀၂၃ ရက်နေ့တွင် ဆေးရုံအုပ် ဦးစိုးလွင်ဦး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သန္တာအောင်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဦးသက်ပိုင်စိုး တို့ ပါဝင်သောအဖွဲ့သည် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုေသာအားဖြင့် ရမည်းသင်းမြို့ ရွှေသင်းဘိုးဘွားရိပ်သာ၌ ကွင်းဆင်း ဆေးကုသခဲ့ရာ အဘိုးအဘွား(၁၆)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။