the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့တွင် ရမည်းသင်း(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့တွင် ရမည်းသင်း(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၂၈-၃-၂၀၂၄)ရက်နေ့မှ (၉-၄-၂၀၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင်အစိုးရပါဠိ ပထမပြန်စာမေးပွဲတို့ ကျင်းပပြုလုပ်ရာ ရမည်းသင်း(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးစိုးလွင်ဦးနှင့်အဖွဲ့က စာဖြေပွဲ ပြုလုပ်သည့်နေရာများသို့သွားရောက်ပြီး စာဖြေသံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း