မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၂ ကြိမ်မြောက် တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၆-၁၂-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မြင့်မွန်သည် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ မြို့ နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များအား ကိုဗစ် ၁၉ ရောဂါလက္ခဏာ များအပေါ် ဝိသမဆေးပြား၏ အကျိုးသက်ရောက်မှုအကြောင်း ဟောပြောခဲ့ရာတွင် စုစုပေါင်းလူဦးရေ ၃၅ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။