မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၁.၈.၂၀၂၅ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်သောင်းသောင်းဝေသည် မလှိုင်မြို့နယ် မြို့သစ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စုစုပေါင်း ၁၂၅ဦးတို့အားကျောင်းကျန်းမာရေးစစ်ဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးအလေးပေး ခေါင်းစဥ်ဖြင့်လည်းကျန်းမာရေးပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။