မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပျော်ဘွယ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၉-၉-၂၀၂၄) ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်အိအိမြတ်သည် တွင်းရွာစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာနေပြည်သူတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှူပြုလုပ်ခဲ့ရာ လူကြီးကျား(၁၂)ဦး လူကြီးမ(၃၁)ဦး ကလေးကျား(၄)ဦး ကလေးမ(၅)ဦး စုစုပေါင်း(၅၂)ဦးကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။