the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်နှင့် သာစည်မြို့နယ် တို့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှ ၂၇.၅.၂၀၂၅ ရက်နေ့တွင် တိုင်းရင်းဆေးမှူးဒေါ်အေးအေးကြူနှင့် သာစည်မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်မြင့်မွန်တို့သည် ခေမာသီရိပရဟိတ သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်ပြီး တိုင်းရင်းဆေးပညာဆိုင်ရာဟောပြောပွဲနှင့် ဆေးဝါးကုသခြင်းများပြုလုပ်ပေးခဲ့ပါသည် မိတ္ထီလာခရိုင် တိုင်းရင်းဆေးမှုး ဒေါ်အေးအေးကြူက ကျောင်းဝန်းအတွင်းရှိ ဝါးပင်-ကြက်ဟင်းခါးပင်-ရဲယိုပင်များ၏ ဆေးဘက်အသုံးဝင်ပုံများကိုဟောပြောခဲ့ပြီး သာစည်မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ခင်မြင့်မွန်က အမျိုးသမီငယ်ရွယ်များတွင် ဖြစ်တတ်သော  မီးယပ်ဖြူဆင်းရောဂါအကြောင်းကို ဟောပြောခဲ့ပြီး သီလရှင် ဆရာလေး ၄၈ ပါးနှင့် ကျောင်းသားလူငယ် ၁၃ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ထို့ပြင် သာစည်မြို့နယ် တိုင်းရင်းဆေးမှုး  ဒေါ်ခင်မြင့်မွန်ကသီလရှင်ဆရာကြီး/ဆရာလေး (လူကြီးမ ၂၈ ဦး ကလေး မ ၁၁ ဦး လူကြီးကျား ၄ ဦး ကလေးကျား ၈ ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း