မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ခရိုင်တိုင်းရင်းဆေးမှုး ဒေါ်အေးအေးကြူနှင့် သာစည်မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ခင်မြင့်မွန်တို့သည် ၁၉.၈.၂၀၂၅ ရက်နေ့ ၁၄.၀၀နာရီတွင် သာစည်မြို့နယ် ညောင်ရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းအစီအစဥ်၌ သာစည်မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ခင်မြင့်မွန်မှ ရာသီတုပ်ကွေးကာကွယ်ရေး ခေါင်း စဥ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ ကျောင်းသားကျောင်းသူများ ၁၂၀ ခန့် တက်ရောက်ခဲ့ပါသည်။ ထို့နောက်ဆက်လက်၍ ဆေကုသခြင်းအစီအစဥ်ကိုဆောင်ရွက်ခဲ့ရာ လူကြီးကျား ၁၈ဦး လူကြီး မ ၂၃ ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။