မန္တလေးခရိုင် တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ကြည် ဦးဆောင်၍ သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ၃၀-၅-၂၀၂၅ ရက်နေ့ နံနက် (၈)နာရီမှ နေ့လည် (၁၂)နာရီအထိ ချမ်းမြသာစည်မြို့နယ် ၁၀၄ လမ်း၊၇၈ လမ်း/၇၉လမ်းကြား ရတနာသီရိကျောင်းတွင် ဆေးကုသခဲ့ရာ လူနာ လူကြီးကျား(၁၅)ဦး မ(၃၉)ဦး၊ စုစုပေါင်း(၅၄)ဦး တို့အား ကုသပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။