မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တိုင်းရင်းဆေးမှူးဦးထက်ဝေ ဦးဆောင်၍ ဆရပ်ကွက် ရွှေလှေချမ်းသာရဓမ္မာရုံ၌ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် (၂၆-၈- ၂၀၂၅)ရက်နေ့နံနက်(၈)နာရီမှနေ့လည်(၁၂)နာရီအထိ ဆေးကုသမှုပေးခဲ့ရာလူနာကျားလူကြီး(၁၀)ဦး၊ မလူကြီး (၁၇)ဦး ကျားကလေး(၂)ဦး မကလေး(၂)ဦး စုစုပေါင်း(၃၁)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။