မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်သက်နှင်းဦး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သီတာဦးနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမြတ်တို့ ဦးဆောင်သောအဖွဲ့သည် ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ မင်္ဂလာအောင်မြင်ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေး စခန်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ရေဘေးသင့်ပြည်သူ စုစုပေါင်း(၅၀)ဦအား ကျန်းမာရေးစောင့်ရှောက်မှု ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။