မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်သက်နှင်းဦး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သီတာဦးနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမြတ်တို့ဦးဆောင်သောအဖွဲ့သည် ရွှေပြည်ရန်အောင်ရပ်ကွက်ရှိ မင်္ဂလာ အောင်မြင်ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူစုစုပေါင်း(၅၀)ဦအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။