မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့(၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၆-၉-၂၀၂၄ရက် နေ့တွင် ဆေးရုံအုပ် ဒေါ်သက်နှင်းဦးနှင်အဖွဲ့သည် ကျောက်ချပ်ကျေးရွာသို့ကွင်းဆင်းခဲ့ရာ လူဦးရေ(၃၀)အား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း လက်ကမ်းစာစောင်များပေးဝေခြင်း လူနာ(၆၈)ဦးအား ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။