မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ၁၈.၁.၂၀၂၄ ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးဦးဆောင်ပြီး အကြီးတန်းစာရေးဒေါ်ခင်မေသက်တို့သည် ကျောက်ပန်းတောင်းမြို့ရှိ တမ္ပဝတီရပ်ကွက်မူလတန်းလွန်ကျောင်းတွင် ရာသီအလိုက်ဖြစ်တတ်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၁၁၀ဦးနှင့်ကွင်းဆင်းဆေးကုသခြင်း လူနာ ကျား လူကြီး ၇ ဦး မလူကြီး ၃၃ ဦး ကျားကလေး ၁၂ ဦး မကလေး ၈ ဦး စုစုပေါင်း ၆၀ ဦးတို့ အား ဆေးကုသမှု့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။