မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ၆.၁၁.၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စုစု၀င်းနှင့် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့နယ် ကုလားကျောင်းရွာ မူလွန်ကျောင်း၌ ကွင်းဆင်းခဲ့ရာ (၂၀၃)ဦးအား ကျောင်းကျန်းမာရေးပညာပေးဟောပြောခဲ့ပြီး (၁၆၄)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။