မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ၃.၁၁.၂၀၂၃ ရက်နေ့တွင် ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စုစုဝင်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဆွေဆွေမြင့် မြို့နယ်တိုင်းရင်းဆေးမှူးတို့သည် ကျောက်ဆည်မြို့နယ် အရှေ့ရနန်းရွာအမကကျောင်း၌ ကွင်းဆင်းခဲ့ရာ(၁၁၈)ဦးကို ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး(၇၅)ဦးကိုဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။