မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ပျော်ဘွယ်မြို့ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၅-၆-၂၀၂၄) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်သက်နှင်းဦးနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခိုင်သဇင်တို့သည် ပျော်ဘွယ်မြို့နယ်ညောင်ရွှေကျေးရွာ၌ ရွာသူ၊ရွာသား (၄၅) ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။