မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ပျော်ဘွယ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉-၉-၂၀၂၄) ရက်နေ့တွင်၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမြတ်သည် တွင်းရွာစံပြကျေးရွာသို့ သွားရောက်၍ ကျေးရွာနေပြည်သူတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူကြီး ကျား (၁၂) ဦး ၊ လူကြီး မ (၃၁) ဦး၊ ကလေး ကျား (၄) ဦး၊ ကလေး မ (၅) ဦး ၊ စုစုပေါင်း (၅၂) ဦး ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။