မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ခုတင် (၁၀၀) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၌ အလုပ်သင်ဆရာ၊ ဆရာမများ၏ clinical meeting တွင် left side hemiplegia ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး ဆရာကြီး ဦးဌေးလွင် ဒုတိယပါမောက္ခချုပ် (သင်ကြား)မှ သဘာပတိ အဖြစ် ဆောင်ရွက်ပြီး ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ ဆေးရုံမှ ဆရာ၊ ဆရာမများ၊ တိုင်းရင်းဆေး တက္ကသိုလ်မှ ဆရာမများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။