မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တိုင်းရင်းဆေးမှူး ဦးထက်ဝေ ဦးဆောင်၍ (ဆ) ရပ်ကွက် ရွှေလှေချမ်းသာရဓမ္မာရုံ၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် အတွက် (၁၀-၂-၂၀၂၆) ရက်၊ နံနက် (၈:၀၀) နာရီမှ နေ့လယ် (၁၂:၀၀)နာရီအထိ ဆေးကုသမှု ပေးခဲ့ရာ ကျား လူကြီး (၈)ဦး၊ မ လူကြီး (၁၂)ဦး၊ ကျား ကလေး (၁)ဦး၊ မ ကလေး (၁)ဦး၊ စုစုပေါင်း (၂၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

