မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးရုံ၌ အလုပ်သင်ဆရာ၊ ဆရာမများအား ကြိုဆိုခြင်းနှင့် သက်ဆိုင်ရာ လူနာဆောင်များ၌ တာ၀န်ချထားသည့် အခမ်းအနားကို ယနေ့ နံနက်(၉) နာရီ ၌ တိုင်းရင်း ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဆေးရုံအုပ်ကြီးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားခြင်း၊ သက်ဆိုင်ရာဌာန တာ၀န်ခံ အကြီးတန်းတိုင်းရင်းဆေးမှူးများ၊ တိုင်းရင်းဆေးမှူးများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အလုပ်သင်ဆရာ၊ ဆရာများမှ မိမိကိုယ်ကို မိတ်ဆက်စကားပြောကြားခြင်း တို့ကိုပြုလုပ်ခဲ့ကြပြီး အခမ်းအနားပြီး ဆုံးပြီးနောက် လက်ဖက်ရည်နှင့် မုန့်များဖြင့်ကျွေးမွေးဧည့်ခံခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။