မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၉-၉-၂၀၂၄)ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဦးတင်စိုး ဦးဆောင်သောအဖွဲ့သည် ညောင်ဦးမြို့၊ သာသနာ့ရောင်ခြည်သီလရှင်စာသင်တိုက်၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ (မ-လူကြီး) (၃၅)ဦးကို ဆေးကုသမှုပေးခြင်း၊ ဟောပြောပွဲသို့ တက်ရောက်ဦးရေ (၅၀)ဦးအား "ဆီးဝမ်းသွေးလေ ဤလေးထွေ ဓါတ်တွေမှန်မှ ကျန်းမာကြ" ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။