မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၉-၁၂-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဦးတင်စိုး ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်နီဦး ပါဝင်သောအဖွဲ့သည် ညောင်ဦးမြို့၊ ဇေယျဝတီစာသင်တိုက်သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ဟောပြောပွဲတက်ရောက်သူ စုစုပေါင်း (၆၀) ဦးအား “နွေချိုမိုးခါးဆောင်းချဉ်တိုင်းရင်း ဆေးနည်းစဉ်” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး လူကြီး(ကျား) လူနာစုစုပေါင်း (၃၅) ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။