မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၈-၈-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ် ဦးညီညီမောင် ဦးဆောင်၍ ဒုတိယဆေးရုံအုပ် ဒေါ်ကျင်လှ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်နီဦးနှင့် ညောင်ဦးခရိုင်တိုင်းရင်းဆေးကုဌာန ခရိုင် တိုင်းရင်းဆေးမှူး ဦးတင်စိုးတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ညောင်ဦးမြို့၊ ရွှေဥမင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ ကျောင်းကျန်းမာရေး ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်း လူနာ (၅၈)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ခရိုင်တိုင်းရင်း ဆေးမှူး ဦးတင်စိုးမှ လူဦးရေစုစုပေါင်း (၁၁၀) ဦးအား “ကျောင်းကျန်းမာရေးတိုင်းရင်းဆေး” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြော ခဲ့ပါသည်။