မန္တလေးတိုင်းဒေသကြီး၊ ခုတင် (၁၀၀)ဆံ့ မန္တလေးတိုင်းရင်းဆေးရုံမှ (၂၃-၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ်ကြီး ဒေါ်မိုးသီတာ၀င်း၊ ဒုတိယဆေးရုံ အုပ်ဒေါ်သိန်းထိုက်၊ အကြီးတန်းတိုင်းရင်း ဆေးမှူး ဒေါ်မြမြခိုင်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသူစိုး၊ အလုပ်သင်ဆရာ၊ ဆရာမများ ဦးဆောင်သောအဖွဲ့သည် လူမှု၀န်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုအသက်မွေး၀မ်းကျောင်းပညာသင် ကျောင်း၌ ကျား (၁) ဦး၊ မ (၈၄) ဦး၊ စုစုပေါင်း (၈၅)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသမှုများဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။