the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးဆေးရုံ၊ တိုင်းရင်းဆေး ဆရာအသင်း (မန္တလေးတိုင်း)နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)မှ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆို ဂုဏ်ပြု

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

မန္တလေးတိုင်းဒေသကြီး၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးဆေးရုံ၊ တိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်း)နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)မှ (၂၂)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၉-၁၂-၂၀၂၃ စနေနေ့ နံနက် ၉:၀၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တစ်ပင်ကျေးရွာ၌ တိုင်းရင်းဆေးပညာအသိပညာ ဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသခြင်းတို့ကို တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းဦးဆောင်၍ မော်ကွန်းထိန်းနှင့် ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဆရာ/ဆရာမများ၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေးဆေးရုံမှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးဆရာအသင်း(မန္တလေးတိုင်း)မှ ဆရာ/ဆရာမများ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)မှ ဆရာ/ဆရာမများက လူနာ ၂၀၃ ဦး အား ကျန်းမာရေးစောင့်ရှောက် ဆေးကုသမှုပေးခြင်း၊ ပြည်သူများအား ကျန်းမာရေး ဗဟုသုတများဟောပြောခြင်း၊ မေးမြန်းချက်များ ရှင်းလင်းဖြေကြားပေးခြင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ