မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ခရိုင်တိုင်းရင်းဆေးကုဌာနမှ (၆-၃-၂၀၂၅) ရက်နေ့၊ ကြာသပတေးနေ့တွင် မွန်းလွှဲ (၁၂:၀၀) နာရီမှ နေ့လယ် (၂:၀၀) နာရီအထိ ခရိုင်တိုင်းရင်း ဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး အကြီးတန်းစာရေးဒေါ်ခင်မေသက်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ပူးပေါင်း၍ သဒ္ဓမ္မနန္ဒီသီလရှင်စာသင်တိုက်တွင် မြန်မာ့တိုင်းရင်းဆေသမားတော်များနေ့ (တပေါင်းလ ပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ “နွေရာသီတွင် ဖြစ်တတ်သော ပဲသီတာ ခေါ် ရေကျောက်ရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ရာ ကျား လူကြီး (၁)ဦး၊ မ လူကြီး (၄၉)ဦး ၊ စုစုပေါင်း (၅၀)ဦးအား ဟောပြောခဲ့ပြီး ကျားကြီး(၁)ဦး၊ မ လူကြီး (၂၅)ဦး၊ မ ကလေး (၅)ဦး၊ လူနာစုစုပေါင်း (၃၁)ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။