မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ (၇-၁-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိမ့်သိမ့်ဖြိုး ဦးဆောင်ပြီး အကြီးတန်းစာရေး ဒေါ်ခင်မေသက်တို့အဖွဲ့သည် နံနက်(၉)နာရီ မှ (၁၁)နာရီအထိ စံပြ အ.မ.က မူလွန်ကျောင်းတွင် ကွင်းဆင်းဆေးကုသခဲ့ရာ လူဦးရေ (၁၅၀) ဦးအား “ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး၊ မ လူကြီး (၃၂) ဦး၊ မ ကလေး (၃) ဦး၊ လူနာစုစုပေါင်း (၃၅) ဦး တို့အား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။