မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ (၅-၈-၂၀၂၄)ရက် တနင်္လာနေ့ နံနက် (၉:၀၀)နာရီမှ နေ့လည် (၁၂) နာရီအထိ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး၊ အကြီးတန်းစာရေး ဒေါ်ခင်မေသက် တို့သည် ကျောက်ပန်းတောင်းမြို့နယ် တမ္ပဝတီ အမကကျောင်းတွင် “ချောင်းဆိုးရောဂါ နှင့် တုတ်ကွေးရောဂါအကြောင်း” အသိပညာ ပေးဟောပြော၍ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပြီး၊ လူနာ ကျား လူကြီး(၁)ဦး မ လူကြီး (၅) ဦး၊ ကျား ကလေး (၂၁) ဦး၊ မ ကလေး (၅၃) ဦး၊ စုစုပေါင်းလူနာ (၈၀) ဦးတို့အား ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။