the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်း ဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး အကြီးတန်းစာရေး ဒေါ်ခင်မေသက်တို့သည် (၁၄-၆-၂၀၂၄) သောကြာနေ့၊ နေ့လည် ၁နာရီမှ ၃နာရီအထိ ကျောက်ပန်းတောင်းမြို့နယ် သုံးဆူတန်း မဟာစည်ရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူနာ ကျား ၅ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်းလူနာ ၁၆ ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခဲ့ကြောင်းသိရပြီး “ဆီးချိုရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ရာ ကျား ၁၀ဦး၊ မ၂၀ဦး၊ စုစုပေါင်း ၃၀ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း