the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၂-၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန်နှင့် ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်းတို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ရေဦးဘုန်တော်ကြီး သင်ပညာရေးကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ဘုန်းကြီး (၈) ပါး၊ ဆရာမ(၇) ဦး၊ ကျား ကလေး (၅၅) ဦး၊  မ ကလေး (၈၀) ဦး၊ စုစုပေါင်း  (၁၅၀) ဦးအား  ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်